Connect with us

Environment, Disasters & Accidents

မကွေးတိုင်း အနောက်ပိုင်း သစ်တော ပြုန်းတီးခြင်း၊ သဘာဝပျက်စီးခြင်းအား ထိန်းသိမ်းရန် အဆို လွှတ်တော်က လက်ခံ

ပြည်သူ့လွှတ်တော်မြင်ကွင်း အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တော ပြုန်းတီးမှုများနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးရန် အဆိုကို လက်ခံ ဆွေးနွေးရန် ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက သဘောတူခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ၃၇ ရက်မြောက်နေ့တွင် တင်သွင်းသည့် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ “မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တော ပြုန်းတီးမှုများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တေ်ာက လက်ခံ ဆွေးနွေးရန် ကန့်ကွက်သူ မရှိ သဘောတူခဲ့သည်။
ထိုအဆိုတွင် မကွေးတိုင်းဒေသကြီး အနောက်ပိုင်း၌ Chain Saw ခေါ် လျှပ်စစ်လွှစက်များ ဖြင့် တရားမဝင် သစ်ထုတ်လုပ်မှု များ ရှိနေကြောင်း၊ သစ်တောဦးစီးဌာနက ဂန့်ဂေါမြို့နယ်တွင် ခွင့်ပြုထားသည့် chain saw အရေ အတွက် မှာ ၂၄ ခုသာ ရှိသော်လည်း အမှန်တကယ်တွင် Chain saw တစ်ထောင်ကျော် (ငါးအိမ်လျှင် chain saw တစ်ခုခန့်) ရှိနေပြီး chain saw များ အလွန် အကျွံ အသုံးပြု၍ သစ်ထုတ်နေကြသဖြင့် သစ်တော ပြုန်းတီးမှု၊ သဘာ၀၀န်းကျင် ပျက်စီးမှုများ ရှိနေကြောင်း၊ chain saw များအတွက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားသည်ဟု သိရသော်လည်း လက်တွေ့တွင် အသက်ဝင်မှု မရှိကြောင်း၊ အကျိုးဆက်များအဖြစ် ရာသီဥတု ဖောက်ပြန်ခြင်း၊ မြေဆီလွှာ ပျက်စီးပြီး တောင်ပြိုခြင်းများ ကြုံတွေ့နေရကြောင်း၊ မကွေးတိုင်းဒေသကြီး နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း အလားတူ ကြုံတွေ့နေရသဖြင့် ယခုကဲ့သို့ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဂန့်ဂေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ယဉ်မင်းလှိုင်က လွှတ်တော်သို့ရှင်းပြသည်။
ထိုအဆိုကို မကွေးတိုင်းဒေသကြီး ထီးလင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းဦးက ထောက်ခံပြီး ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးသွားရန် ကန့်ကွက်သူ မရှိ သဘောတူခဲ့သည်။ ထိုအဆိုအား ပါဝင် ဆွေးနွေးလိုသူများသည် ဇွန်လ ၅ ရက် နေ့ ညနေ ၄ း ၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.