Environment, Disasters & Accidents
လှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲ
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ယနေ့ နေ့လယ် ၁၃း၄၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၈)ရပ်ကွက်နှင့် (၉)ရပ်ကွက်ရှိ အင်းစိန်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အဆိုပါ သစ်ပင်များပြိုလဲခဲ့သည့်နေရာသို့ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)