Connect with us

Environment, Disasters & Accidents

ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၇ ဦးရှိလာ

မြေစာပုံပြိုကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် မေလ ၄ရက်နေ့ နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် လက်ရှိတွင် သေဆုံးသူ ၁၇ဦး၊ ဒဏ်ရာ ရရှိသူ ၁၁ ဦး ရှာဖွေတွေ့ ရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။

မေလ ၄ ရက်နေ့တွင် အလျားပေ (၁၀၀)၊ ထု(၂၀)ပေခန့်ရှိသော မြေစာပုံသည် အောက်ဘက် ပေ (၂၀၀) ခန့်သို့ ပြိုကျခဲ့ရာ ၁၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိ ခဲ့သူ (၈) ဦးကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် လူမှုကူညီရေး အသင်းများမှ ယာဉ် များဖြင့် ဖားကန့် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ မေလ ၄ ရက်နေ့တွင် ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့ ၀၅း၀၀နာရီ အချိန်တွင် ဖားကန့်မြို့နယ် ကျောက်မျက်ရွှေပြည် ကုမ္ပဏီ လုပ်ကွက်အမှတ်(၅၅၈)၌ မြေစာပုံပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ စောဝင်းကို (၃၇)နှစ် အပါအဝင် အမျိုးသား ၁၄ ဦးတို့တွင် ကျောကုန်း/ယာရင်ညွန့် ပွန်းပဲ့ ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ ဇော်မင်းအောင်(၂၅)နှစ် ပါ အမျိုးသား ၁၁ ဦးတို့တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ပြီး ၁၆း၄၅ နာရီ အချိန် တွင် အမျိုးသား ၃ဦး၏ အလောင်းများအား ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ အမျိုးသား ၁၇ဦး၊ ဒဏ်ရာရ အမျိုးသား ၁၁ ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.