Connect with us

Environment, Disasters & Accidents

လှိုင်သာယာမြို့နယ် မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် ၉ လုံး မီးလောင်ကျွမ်း

လမ်းဘေးကျူးကျော်တဲမီးလောင်မှုဖြစ်စဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေုးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ် မီးလောင်မှုဖြစ်စဉ်တွင် ဓနိမိုး၊ ထံရံကာ နေအိမ် ၉ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဝရး၄၅နာရီ အချိန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ရွှေအိုကြီး ဆန်ဂိုထောင်ရှေ့နှင့် Hanta-1 အထည်ချုပ်စက်ရုံဘေး လမ်းဘေးကျူးကျော် တဲနေ မသီတာချို(၂၆)နှစ်သည် ထင်းမီးဖြင့် ထမင်းအိုးတည်ပြီး အလုပ်သွားရာ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့၍ ဓနိမိုး၊ ထံရံကာ နေအိမ် ၉ လုံး မီးလောင်ခဲ့ပြီး ၀၈း၀၅ နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၁၀၂၅ အချိန်တွင် မသီတာချို အား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးလောင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန် ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.