Connect with us

Environment, Disasters & Accidents

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးလောင်မှုကြောင့် အိမ်ထောင်စု ၃၂ စု မီးဘေးသင့်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးလောင်မှုအား ငြိမ်းသတ် ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ရန်ကုန်အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယနေ့ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် မီးလောင်ကျွမ်း မှုကြောင့် ကျူးကျော် အိမ်ခြေ ၃၂ လုံး မီးလောင်ခံရပြီး အိမ်ထောင်စု ၃၂ စု မီးဘေးသင့်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မီးစတင် လောင်ကျွမ်းမှုမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၁)ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ သပြေခြံ ကျူးကျော်တဲမှ ကိုကောင်းမြတ်၏ နေအိမ်တွင် သောက်လက်စ ဆေးလိပ်တိုအား ဆေးလိပ်ခွက်ထဲ ထည့်ထားရာ ဆေးလိပ်ခွက် စာအုပ်ပုံပေါ်သို့ ပြုတ်ကျရာမှ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ နံနက် ၅ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၅၈ ခန့်ရှိကြောင်း သိရသည်။

မီးဘေးသင့် ခံရသော အိမ်ထောင်စုများအား (၅၁)ရပ်ကွက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ထားရှိပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ (ပ)၄၇၁/၂၀၁၈/ပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.