Environment, Disasters & Accidents
အင်အား ရစ်(ခ်)တာစကေး ၃.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)
ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့် ကွာဝေးသောနေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယခု ဒီဇင်ဘာ ၁၄ ရက် ညပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝလနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မြန်မာစံတော်ချိန် (၁၉)နာရီ (၅၀)မိနစ် (၅၆) စက္ကန့် အချိန်တွင် ငလျင် လှုပ်ခတ်သွားကြောင်း ကနဦး မြေငလျင် သတင်း ထုတ်ပြန်ချက် အဖြစ် မိုးလေဝလနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ရှိ အင်းစိန်၊ လှိုင်သာယာ ၊ သာကေတ ၊ ဒေါပုံ ၊ စမ်းချောင်း ၊ ကမာရွတ် ၊ ရွှေပြည်သာ အစရှိသည့် မြို့နယ်များအတွင်း နေထိုင်သူများ သိရှိ ခံစားခဲ့ရကြောင်း သိရသည်။(Xinhua)