Connect with us

Environment, Disasters & Accidents

ကော့မှူးမြို့နယ် တိုးမြစ်အတွင်း ခရီးသည်တင် ရှပ်ပြေး ရေယာဉ် နှင့် ကုန်တင်ရေယာဉ် တိုက်မှု ဖြစ်ပွား

ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ် ခရီးသည်တင် ရှပ်ပြေးရေယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်း ဝဲကြီးကွေ့အနီး၌ ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ် ခရီးသည်တင် ရှပ်ပြေးရေယာဉ်နှင့် ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်တို့ ဒီဇင်ဘာ ၁၉ ရက် ညပိုင်း အချိန်တွင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ရေယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကုန်တင်ရေယာဉ်မှာ တိုးမြစ်အတွင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ကုန်တင် ရေယာဉ်ပေါ်ပါ တစ်ဦး ထိခိုက် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကာ ပုသိမ်သူရေယာဉ်ပေါ်ပါ ခရီးသည်များမှာ ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ရန်ကုန်-မော်ကျွန်း-ပုသိမ်သို့ ပြေးဆွဲနေသော ခရီးသည်တင် ရေယာဉ်၌ ခရီးသည် ၃၀၀ ဦး ခန့် ပါရှိပြီး ရန်ကုန်မြို့မှ မော်ကျွန်းမြို့သို့ မောင်းနှင်သွားနေစဉ် ချမ်းမြေ့ထွန်းကုန်တင်ယာဉ်မှာ ကျိုက်လတ်မြို့မှ

ရန်ကုန်မြို့သို့ မောင်းနှင်လာနေစဉ် တိုးမြစ်အတွင်းရှိ ဝဲကြီးကွေ့အရောက်တွင် ဝဲအား ရှောင်ကွင်းမောင်းနှင်ရာမှ ရှပ်ပြေး ရေယာဉ်ရှေ့သို့ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင် တိုက်မိကာ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.