Environment, Disasters & Accidents
အနောက်တောင်မုတ်သုံလေ ဆုတ်ခွာနိုင်သည့်အခြေအနေ မိုးဇလထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂ – ၂၇) ရက်အတွင်း
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ
(၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီးဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တတိယ (၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲေအောက်လျော့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈) ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်တို့တွင် (၄)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်း
ရွာနိုင်ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)