Environment, Disasters & Accidents
အမြန်လမ်းမကြီး၌ သုံးလ အတွင်း ယာဉ်မတော်တစ်ဆမှု အကြိမ် ၁၁ဝ ဖြစ်ပွား ၊ သေဆုံးသူ ၂၄ ဦးရှိ
ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂ဝ၁၈ ခုနှစ် ၊ သုံးလ အတွင်း ယာဉ်မတော်တစ်ဆမှု အကြိမ် ၁၁ဝ ဖြစ် ပွားခဲ့ပြီး သေဆုံးသူ၂၄ ဦး နှင့် ဒဏ်ရာ ရရှိသူ ၂၂၁ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
အမြန်လမ်းမကြီး၌ ယခုနှစ် ဇန်နဝါရီလ အတွင်း ယာဉ်မတော်တဆမှု ၄၁ မှုမှ သေဆုံးသူ ၉ ဦး ၊ ဒဏ်ရာရရှိသူ ၈၃ ဦး ရှိခဲ့ ပြီး ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှု ၃၆ မှုမှ သေဆုံးသူ ၁၁ ဦး ၊ ဒဏ်ရာ ရရှိသူ ၇၆ ဦး ရှိခဲ့ကြောင်း ၊ မတ်လ အတွင်း ယာဉ်မတော်တဆမှု ၃၃ မှုမှ သေဆုံးသူ လေးဦး ၊ ဒဏ်ရာ ရရှိသူ ၆၂ ဦး ရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းပေါ်သို့ တက် ရောက် မောင်းနှင်မည့် အိမ်စီးယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ဌာနဆိုင်ရာ ယာဉ်များ၊ အမြန်လမ်းပေါ်တွင်မောင်းနှင် ခွင့်လက်မှတ်ရ ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများအနေဖြင့် မိမိတို့ ယာဉ်များ ကြံ့ခိုင်ရေးစစ်ဆေးပြီးမှ အမြန် လမ်းပေါ်တက်ရောက် မောင်းနှင်ကြပါရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို လိုက်နာမောင်းနှင်ကြပါရန် အထူး လိုအပ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ မှသိရသည်။(Xinhua)