Connect with us

Environment, Disasters & Accidents

အယ်နီညိုအ‌‌ခြေအနေနှင့် နွေရာသီကာလများတွင် မြန်မာနိုင်ငံ၌ ကြုံတွေ့လာနိုင်သည့် ရာသီဥတုအ‌‌ခြေအနေသတင်းမိုးဇလထုတ်ပြန်

နေပူဒဏ်ကို ကြံ့ကြံ့ခံ၍ သွားလာလှုပ်ရှားနေသော ပြည်သူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

အယ်နီညိုအ‌‌ခြေအနေနှင့် နွေရာသီကာလများတွင် မြန်မာနိုင်ငံ၌ ကြုံတွေ့လာနိုင်သည့် ရာသီဥတုအ‌‌ခြေအနေသတင်း နှင့် ပတ်သက်၍ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၆ ခုနှစ်၊ မတ်လ (၇) ရက်နေ့ ထုတ်ပြန်ချက် အနေဖြင့် အောက်ပါအတိုင်းထုတ်ပြန်ခဲ့သည်။

အယ်နီညိုဖြစ်စဉ် အ‌‌ခြေအနေ(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East-Central Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းရက်များအထိ အားအလွန်ကောင်းသည့် အယ်လ်နီညိုအဆင့်ထိ ရောက်ရှိအောင် ပူနွေးနေခဲ့သော်လည်း မတ်လဆန်းပိုင်းမှစ၍ အားအသင့်အတင့်ရှိသည့် အယ်လ်နီညိုအဆင့်သို့ လျော့ကျလာခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် အယ်လ်နီညိုဖြစ်စဉ် ပြီးဆုံးနိုင်ပြီး၊ပုံမှန်ဖြစ်စဉ်သို့ပြောင်းလဲသွားနိုင်ကြောင်း အယ်လ်နီညိုဖြစ်စဉ်ကို စောင့်ကြည့်လျက်ရှိသည့် နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန်အသိပေးထားပါသည်။

၂၀၁၆ ခုနှစ်၊ နွေရာသီကာလ (မတ်လ-ဧပြီလ-မေလ) မိုးရေချိန်နှင့် အပူချိန် ခန့်မှန်းချက်(က) ၂၀၁၆ ခုနှစ်၊ နွေရာသီကာလ (မတ်လ-ဧပြီလ-မေလ) (၃)လအတွက်ယေဘုယျ ခန့်မှန်းချက်များအရ မိုးရွာသွန်းမှုများအနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)တို့တွင် ရွာသွန်းမြဲထက် မိုးပိုမိုရရှိနိုင်ပြီး၊ (၄၀%)မှ (၆၀%)အထိသေချာပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွာသွန်းမြဲအောက် မိုးလျော့ နည်းရရှိနိုင်ပါသည်။ မိုးလျော့နည်းမှု (၄၀%)မှ (၅၀%) သေချာသည့်ဒေသမှာ ရှမ်းပြည်နယ်‌(မြောက်ပိုင်း)ဖြစ်ပါသည်။ (၅၀%) မှ (၆၀%)ထိသေချာသည့် ဒေသများမှာ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း‌ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ ဖြစ်ကြပါသည်။ (၆၀%) မှ (၈၀%)သေချာသည့်
‌ဒေသများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီး တို့ဖြစ်ကြပါသည်။

(ခ) နေ့အပူချိန်များ ခန့်မှန်းချက်များအနေဖြင့် တစ်ပြည်လုံးတွင် ပျမ်းမျှအပူချိန် (ပုံမှန်အပူချိန်)ထက် ပိုနိုင်ပါသည်။ ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်မှု (၄၀%)မှ (၅၀%) သေချာသည့်ဒေသများမှာ ရှမ်းပြည်နယ်‌ (မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့ဖြစ်ကြပါသည်။ (၅၀%)မှ(၇၀%)နှင့်အထက်သေချာသည့်ဒေသများမှာနေပြည်တော်၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊
ကယားပြည်နယ်နှင့် မန္တ‌လေးတိုင်း‌ဒေသကြီး တို့ဖြစ်ကြပါသည်။ (၈၀%)နှင့်အထက် သေချာနိုင်သည့် ဒေသများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ ဖြစ်ကြပါသည်။ အကြံပြုချက်(က) သို့ဖြစ်ရာ အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများကြောင့် ၂၀၁၆ ခုနှစ်၊ နွေရာသီကာလများဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလတို့တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်သာ ရွာသွန်းမြဲ မိုးရေချိန်များထက် ပိုမိုနိုင်သော်လည်း၊ ကျန်ဒေသများတွင် ရွာသွန်းမှုလျော့နည်းပြီး၊ အပူချိန်မြင့်မားလာခြင်းစသည့် ရာသီဥတု အ‌‌ခြေအနေများဖြစ်ပေါ်နိုင်သဖြင့် ပူပြင်း‌‌ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းနှင့် အပူကြောင့် ဖြစ်ပေါ် နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿ နာများ ကြုံတွေ့ရနိုင်ပါသဖြင့် စိုက်ပျိုးရေး၊ အစားအစာ ဖူလုံရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေ ဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်းသွားလာရေး၊ ခရီးသွားလုပ်ငန်းများစသည့် ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အကြံပြုအပ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.