Environment, Disasters & Accidents
အောင်စိုးမိုးကျော် အမြန် ရေယာဉ် နစ်မြုပ်မှု သေဆုံးသူ ဦးရေ ၇၀ ကျော်ထိ ရှိလာ

ရန်ကုန် ၊အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိကျောင်းတွင်းရွာအနီး နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် အမြန် ရေယာဉ်မှ ယနေ့ အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်း အချိန်ထိ သေဆုံးသူခရီးသည်များ၏ ရုပ်အလောင်းဆယ်ယူရရှိမှုမှာ ၇၂ ဦးထိ ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။
အောင်စိုးမိုးကျော် အမြန် ရေယာဉ် နစ်မြုပ်မှုကြောင့် အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်ထိ ကျား ၁၄ ဦး ၊ မ ၅၃ ဦး နှင့် ကျား/မ ခွဲမရသူ ၅ ဦး စုစုပေါင်း ၇၂ ဦး ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။ဟုမ္မလင်းမှ မုံရွာသို့ ခရီးသည် ၃၀၀ဦးခန့် တင်ဆောင်၍ စုန်ဆင်းလာသော အောင်စိုးမိုးကျော် အမြန် ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ ထိုနေ့တွင် အသက်ရှင်လျက် ခရီးသည် ၁၅၀ ကျော်သာ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှုများ အရ သိရသည်။(Xinhua)