Connect with us

Environment, Disasters & Accidents

အောင်လံမြို့နယ်တွင် ရထားနှင့် ကား တိုက်မိမှုဖြစ်ပွား

ရထား နှင့်ကား တိုက်မိမှု မှတ်တမ်းဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အောင်လံမြို့နယ်၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၅း၀၀ နာရီ အချိန် အောင်လံမြို့နယ် မိုးကောင်းလေး ဘူတာနှင့် အောင်လံဘူတာကြား မိုင်တိုင် (၂၀၂/၆-၇)၌ ဦးသက်ခိုင်(၄၄)နှစ် မောင်းနှင်လာသော 2A/ xxxx ဒိုင်နာယာဉ်နှင့် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် RBE ရထားတို့တိုက်မိခဲ့ ပါကြောင်း၊ အဆိုပါတိုက်မိမှုကြောင့် ဒိုင်နာယာဉ်ပေါ်ပါ အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦး တို့တွင် ဦးခေါင်းနောက်စေ့၊ ကျောကုန်း၊ ဝဲ/ယာလက်၊ ဒူးခေါင်း၊ တင်ပါးဆုံပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ)ရရှိသဖြင့် အောင်လံပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၁၆း၅၀ နာရီအချိန် ဦးသက်ခိုင်အား အောင်လံမြို့မရဲစခန်း (ပ)၁၂၁၁/၂၀၁၇ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.