Connect with us

Environment, Disasters & Accidents

လက်ရှိဖြစ်ပေါ်နေသော လေထုဖြစ်စဉ်များမှာအင်အားအနည်းငယ်ရှိသည့် လာနီညာအခြေအနေသို့ ရောက်ရှိနေကြောင်း မိုးဇလထုတ်ပြန်

မိုးဇလ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏ အရှေ့ဘက် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် သိသိသာသာ လျော့နည်းနေပြီး လက်ရှိဖြစ်ပေါ်နေသော လေထုဖြစ်စဉ်များမှာလည်း အင်အားအနည်းငယ်ရှိသည့် လာနီညာအခြေအနေသို့ ရောက်ရှိနေကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေ နှင့် ပတ်သက်သည့် အစီရင်ခံခြင်းအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်လိုက်သည်။

လာနီညာဖြစ်ပေါ်မှု ခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ ဒီဇင်ဘာလ အထိ အင်အားအနည်းငယ်ရှိ သည့် လာနီညာဖြစ်ရန် ၇၂ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ၊ နှစ်ဦးပိုင်းတွင် ပုံမှန်ဖြစ်စဉ် သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း သိရသည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း၊ အဆိုပါဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ယေဘူယျအားဖြင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များလျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

လာနီညာဖြစ်ပေါ်မှု နှင့် ပတ်သက်သည့် အခြေအနေများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မိုးဇလ ၏ အစီရင်ခံစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.