Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့ တွင် နေအိမ်ပျက်စီး
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့ တွင် နေအိမ်ပျက်စီး ပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်၊ ၁၆း၃၀ နာရီ အချိန် မှ ၁၆း၄၅ နာရီ အချိန် အထိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျုံပျော်မြို့နယ် အုန်းပင်စု ကျေးရွာ အပါအဝင် ကျေးရွာ ၂ ရွာတွင် နေအိမ် ၂၄ လုံး၊ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင် ၁ ဆောင် ပြိုကျ၊ နေအိမ် ၆၀ လုံး၊ ဘုန်းကြီးကျောင်း မီးစက်ရုံ ၁ ရုံတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ၁၆း၄၅ နာရီ အချိန် မှ ၁ရး၅၀ နာရီ အချိန် အထိ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာတွင် နေအိမ် ၆ လုံး ပြိုကျ၊ နေအိမ် ၁၇ လုံး၊ စာကြည့်တိုက် ၁ ခုတို့ အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ မေလ ၁၈ ရက်၊ ၁၅း၃၀ နာရီအချိန် မှ ၁၆း၀၀ နာရီအချိန် အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတမြို့နယ်၊ ဒုတ်ရိုက်ကျေးရွာတွင် နေအိမ် ၁ လုံးအမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး ပန်းတနော် မြို့နယ် ဆင်ချောင်းကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာတွင် နေအိမ် ၅ လုံး ပြိုကျ၊ နေအိမ် ၁၆ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ၁၆း၀၀ နာရီအချိန် မှ ၁၆း၃၀ နာရီ အချိန် အထိ လေပြင်းတိုက်ခတ်မှု ကြောင့် လေးမျက်နှာမြို့နယ် ကွမ်းခြံကုန်း ကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာတွင် နေအိမ် ၁၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)