Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မြေစာပုံပိ၍ ရေမဆေးကျောက် ရှာဖွေသူ ၁ ဦး သေဆုံး

ဖားကန့်ရှိ ရေမဆေးကျောက်ရှာဖွေရေး လုပ်ငန်းခွင်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၀ ရက်(ဆင်ဟွာ)

ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး မြန်မာ သူရကုမ္ပဏီ လုပ်ကွက်၌ မေ ၁၉ ရက် ညနေပိုင်းက မြေစာပုံ ပိ၍ ရေမဆေးကျောက် ရှာဖွေသူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုရေမဆေးကျောက် ရှာဖွေသူသည် ရေမဆေးကျောက်ရှာဖွေစဉ် အမြင့် ၅၀၀ ပေခန့် မှ မြေစာများ ရုတ်တရက် ပြိုကျပိမိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသေဆုံးမှုအား ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃၂/၂၀၁၈) ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)