Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း ၁ ကောင် ဝင်ရောက်ဖျက်ဆီးမှုဖြစ်ပွား

တောဆင်ရိုင်းတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း ၁ ကောင် ဝင်ရောက်ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်၂၃း၁၀နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကွမ်းချောင်းကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ ဒေသအခေါ်ကမ်းပါကြီးကျေးရွာရှိ ဦးအေးဝင်း(၅၄)နှစ်၊ (ဘ) ဦးမောင်အေး၏ နေအိမ်တဲအား တောဆင်ရိုင်း ၁ ကောင်မှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

တောဆင်ရိုင်း ဖျက်ဆီးမှုကြောင့် နေအိမ်တဲ နှင့်စိုက်ပျိုးရေးသုံးပစ္စည်းများပျက်စီးခဲ့ပြီး အဆိုပါတဲအနီး၌ ငှက်ပျောပင်များ ချိုးသံကြားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ခြောက်လှန့် မောင်း ထုတ်ခဲ့ရာ ဇန်နဝါရီလ ၁၉ ရက ၀၃း၄၀နာရီ တွင် ပုသိမ်မြို့နယ်၊ မြင်းကကွင်းအုပ်စု ကြက်သောင်း ချောင်းတောင်ပေါ်သို့ ၎င်းတောဆင်ရိုင်းမှာ ပြန်လည်တက်သွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.