Connect with us

Environment, Disasters & Accidents

၆ ဘီးယာဉ် ချောက်အတွင်း ထိုးကျ တိမ်းမှောက်ကာ ၄ ဦး သေဆုံး

ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့သည့် ၆ ဘီးယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ် ၊ ဘူးရိုးသစ်တော ကြိုးဝိုင်း အတွင်း ၆ ဘီးယာဉ်တစ်စီးသည် ချောက်အတွင်း ထိုးကျတိမ်းမှောက်ကာ လူ ၄ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ဘူးရိုးသစ်တောကြိုးဝိုင်းအတွင်း တရောညို တဲစု တောလမ်း ၌ တရော်ညို ကျေးရွာမှ ဥသျှစ်ပင် ကျေးရွာသို့ မောင်းနှင်လာသော ၆ ဘီးယာဉ် တစ်စီးသည် ဇန်နဝါရီ ၁၇ ရက်တွင် အနက် ၃၀ ပေခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကာ ယာဉ်မောင်း ဖြစ်သူမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုယာဉ်ပေါ် ပါရှိသူများ အနက် ၄ ဦးမှာ ဒဏ်ရာများ ရရှိ သေဆုံးခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသော ယာဉ်မောင်း ဖြစ်သူကို ဥသျှစ်ပင် နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.