Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂၂ လုံး ပျက်စီး
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂၂ လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး လူနေအိမ် (၂၅)လုံး၊ အမိုးလန်ပျက်စီး လူနေအိမ် (၉၇)လုံး စုစုပေါင်း လူနေအိမ် (၁၂၂)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသ ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါလေဘေးသင့် ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ နီးစပ်ရာ မိသားစု နေအိမ်များတွင် ယာယီနေရာချထား ပေးထားကြောင်း သိရသည်။(Xinhua)