Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင်တိုးမြစ်ရေသည် နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
လက်ရှိတွင် တိုးမြစ်ရေသည်ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)