Environment, Disasters & Accidents
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဟင်္သာတမြို့နယ်ရှိ နေအိမ်တချို့ရေမြုပ်
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာပြီး ဟင်္သာတမြို့နယ် တောင်လုံးစုကျေးရွာအုပ်စု အောက်ရွာလေးကျေးရွာရှိ အိမ်ထောင်စု ၄၄ စုမှ လူဦးရေ ၁၈၅ ဦးတို့သည် နေအိမ်အတွင်း ရေများဝင်ရောက်လာမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
အောက်ရွာလေးကျေးရွာ သုံးထပ်ဘုန်းတော်ကြီးကျောင်းသို့ အဆိုပါ အိမ်ထောင်စု ၄၄ စုမှ မိသားစုဝင်များ သည် ဇူလိုင် ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် စတင်ပြောင်းရွှေ့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)