Connect with us

Environment, Disasters & Accidents

ကျိုက်ထိုမြို့ရှိ လူနေအိမ်များ ရေဝင်ရောက်သဖြင့် လူ သုံးထောင်ကျော် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များကို ရေများဝင်ရောက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များကို ရေများဝင်ရောက်သဖြင့် လူ သုံးထောင်ကျော် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့နယ်တွင် ဇူလိုင်(၂၀)ရက်နေ့ ညမှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လျက် ရှိရာ ကော့စံနိုင်ရပ်ကွက် အေးရိပ်ငြိမ်တွင် အိမ်ခြေ (၄၂၆) လုံး၊ ဇေယျာမွန် ရပ်ကွက် တိုးချဲ့ကွက်သစ်တွင် အိမ်ခြေ (၈၆)လုံး ၊ မြောက်ပိုင်းရပ်ကွက် တိုးချဲ့ကွက်သစ်တွင် အိမ်ခြေ (၇၉) လုံး၊ တောင်သူစု ရပ်ကွက်တွင် အိမ်ခြေ (၃၇) လုံး၊ ဖက္ကလိပ်ကျေးရွာတွင် အိမ်ခြေ( ၆၀)လုံး၊ အိမ်ခြေစုစုပေါင်း ( ၆၈၈) လုံးအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်များမှ လူဦးရေ ( ၃၀၄၆ ) ဦးတို့အား ကော့စံနိုင်ရပ်ကွက်တောရ ဘုန်းကြီးကျောင်း၊ ဇေယျာမွန်ရပ်ကွက် ဓမ္မာရုံ၊ ဖက္ကလိပ်ဘုန်းကြီးကျောင်း၊ ဖက္ကလိပ်ကိုးနဝင်းဓမ္မာရုံ၊ သမလ မူလတန်း ကျောင်းတို့တွင် ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.