Environment, Disasters & Accidents
ပျောက်ဆုံးနေသည့် G-4 ဂျက်လေယာဉ် ပျံသန်းရာ လမ်းကြောင်း တစ်လျှောက် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
ပျောက်ဆုံးနေသည့် တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား အဆက်အသွယ်ပြတ်တောက်ခဲ့သည့် စက်တင်ဘာ ၅ ရက်နံနက်ပိုင်းမှ ယခုအချိန်အထိ လေယာဉ်ပျံသန်းရာလမ်း ကြောင်းတစ်လျှောက်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ်များနှင့်လည်းကောင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ စက်တင်ဘာ ၆ ရက်တွင် သတင်း ထပ်မံ ထုတ်ပြန်ခဲ့သည်။
တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့်နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။(Xinhua)