Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ HIJET ယာဉ်တိမ်းမှောက်ကာ လူခြောက်ဦး သေဆုံး ၊ ငါးဦး ဒဏ်ရာရ

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂၉/၂-၃၂၉/၃ အကြားတွင် မတ် ၁ ရက်က HIJET ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ HIJET ယာဉ်သည် ယာဘက်ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ရပ်တန့်ခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအဝင် စုစုပေါင်း လူ ၁၃ ဦး ပါရှိသည့် အနက် အမျိုးသား သုံးဦး နှင့် အမျိုးသမီး သုံးဦးတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများအား အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)