Connect with us

Environment, Disasters & Accidents

မတ်လ ၂ ရက်မှ  ၆ ရက်အတွင်း လေပြင်းတိုက်ခိုက်ခြင်း၊မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင် 

-မိုးလေ၀ သခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံအတွင်း သို့ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် မတ်လ ၂ ရက်မှ မတ်လ ၆ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ဆင်ဟွာ ကို မတ်လ ၂ရက်တွင်ပြောသည်။ 

ဒေါက်တာသန်းနိုင်က “ပူလာတဲ့ အချိန်မှာ မိုးတိမ်တောင်ဖြစ်ပြီး မိုးသီးကြွေ လေပြင်းတိုက်တာ ဖြစ်နိုင်တယ်။ ပြည်သူတွေအနေနဲ့ မိုးဇလရဲ့ ထုတ်ပြန်ချက် ကို  ပုံမှန်ကြည့်ရှု ဖို့ အကြံပြုချင်ပါတယ်” ဟုပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလ မှ အကြံပြုချက် ထုတ်ပြန်ခဲ့သည်။  (Xinhua)