Environment, Disasters & Accidents
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်တွင် မြေစာပုံပြိုပြီး လူ ၁၀ ဦးကျော် ပျောက်ဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီစာရွာရှိ လုပ်ကွက်ဟောင်းနေရာတစ်ခု၌ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက မြေစာများ စွန့်ပစ်နေချိန် ပြိုကျမှုဖြစ်ပွါးပြီး လူ ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ယနေ့(နိုဝင်ဘာ ၁၂ ရက်) ပြောသည်။အဆိုပါ ကျောက်မျက်ကုမ္ပဏီ၏ လုပ်ကွက်ဟောင်းနေရာ၌ မြေစာများ စွန့်ပစ်နေချိန် ပြိုကျမှုကြောင့် မြေစာသယ်ကား နှစ်စီးနှင့်အတူ ရေမဆေးကျောက် ရှာဖွေနေသူများပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“မျက်မြင်တွေပြောကြားချက်ကတော့ အဲဒီနားမြေစာလာစွန့်ချိန် ရေမဆေးကျောက်ရှာတဲ့သူ ၁၀ယောက်ဝန်းကျင်နဲ့ ကားပေါ်က ကားသမားတွေပါသွားတယ်ပြောတယ်၊ အတိအကျတော့ ပြောရခက်တယ်၊ အောက်ကရေကန်ကြီးဆိုတော့ ရှာဖို့အတော်ခက်ပြီ” ဟုဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိက ပြောသည်။
အဆိုပါ ပြိုကျမှုကြောင့် ပျောက်ဆုံးသွားသည့် ရေမဆေးကျောက်ရှာဖွေသူများကို ကျေးရွာအတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့အချို့က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ (Xinhua)