Connect with us

Environment, Disasters & Accidents

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ကို ဂုဏ်ပြုသောအားဖြင့် တောရိုင်းတိရစ္ဆာန်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တိုင်းဒေသကြီး လှော်ကားဥယျာဉ်ရှိ မျောက်ကလေးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ကို နှစ်စဉ် မတ်လ (၃ )ရက် တွင် ကျင်းပလေ့ရှိပြီး တောရိုင်းတိရစ္ဆာန်များ၊ အပင်များနှင့် ၎င်းတို့မှီတင်းနေထိုင်ကြသော ဂေဟစနစ်များကာကွယ်စောင့်ရှောက်ရေး၏ အရေးကြီးပုံကို အသိပညာပေးခြင်း မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ တောင်တန်းများ၊ သစ်တောများ၊ မြစ်များ၊ စိမ့်မြေအရပ်များ၊ ရှည်လျားသော ကမ်းရိုးတန်းနှင့် သန္တာကျောက်တန်းများ တည်ရှိသော မြန်မာနိုင်ငံသည် တောရိုင်းတိရစ္ဆာန်များနှင့် အပင်မျိုးစိတ်အများအပြား ရှင်သန်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တိုင်းဒေသကြီး လှော်ကားဥယျာဉ်ရှိ မျောက်ကလေးများအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အပင်မျိုးစိတ် ၁၁,၈၀၀ ကျော်၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၆၅ မျိုး၊ ငှက်မျိုးစိတ် ၁,၁၀၀ ကျော်၊ ကုန်းနေရေနေသတ္တဝါမျိုးစိတ် ၁၂၀ ဝန်းကျင်၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၀ ခန့်၊ ရေချိုနှင့် ပင်လယ်ငါးမျိုးစိတ် ၁,၁၀၀ ခန့်၊ သန္တာကျောက်တန်းမျိုးစိတ် ၁၃၀ ခန့်၊ ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုးနှင့် ပင်လယ်ရေညှိမျိုးစိတ် ၃၈ မျိုးရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံသည် ကျား၊ ဆင်၊ ဝေလငါးနှင့် အခြားမျိုးစိတ်များ စသည့် ကမ္ဘာတစ်ဝန်း မျိုးသုဉ်းလုနီးပါးမျိုးစိတ်များဖြစ်သည့်စွာ နေထိုင်သည့်နေရာဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးတွင် မြန်မာနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း သစ်တောဦးစီးဌာနက ဖော်ပြထားသည်။
“မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေတဲ့ မျိုးစိတ်များ ဥပမာ- ကျား၊ ဆင်၊ ကျားသစ်၊ ငါးမန်း၊ ငါးလိပ်ကျောက်၊ ဝေလငါး၊ ရေညှောင့်နှုတ်ဝိုင်းငှက်တို့ကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အလွန်အရေးပါပါတယ်” ဟု သစ်တောဦးစီးဌာန လက်အောက်ရှိ သဘာဝနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲမှ အရာရှိ ဒေါ်ခင်ငြိမ်းစံက ပြောသည်။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးသည် တိရစ္ဆာန်များ မျိုးသုဉ်းခြင်းမှ ကယ်တင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆေးဖက်ဝင်အပင်များက တောရိုင်းတိရစ္ဆာန်များ၏ အစားအစာနှင့် ခိုနားရာဖြစ်သလို လူသားများအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆေးဝါးအရင်းအမြစ်နှင့် ရနံ့မွှေးအပင်များသည်လည်း လူမှုစီးပွားကဏ္ဍအတွက် အရေးပါကြောင်း ၎င်းကဆိုသည်။
အပင်များနှင့် တိရစ္ဆာန်များကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် နောင်လာနောက်သား လူငယ်များအတွက် ပိုမိုးစိမ်းလန်းပြီး ကျန်းမားလှပသည့် ကမ္ဘာကြီးကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်ငြိမ်းစံကပြောသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် တောရိုင်းတိရစ္ဆာန်နှင့် အပင်များ ထိန်းသိမ်းရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အပင်မျိုးစိတ် ၂၀၀ ကျော်ကို ထိန်းသိမ်းထားပြီး တိရစ္ဆာန်အကောင်ရေ ၁,၄၀၀ ကျော် ရှိကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း အများပြည်သူကို အသိပညာပေးမှုမြှင့်တင်ရန် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အစီအစဉ်များကို ကျင်းပလေ့ရှိကြောင်း ရန်ကုန်တိရစ္ဆာန်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိရစ္ဆာန်ရုံမှ ဝန်ထမ်းများသည် လာရောက်လည်ပတ်သူများကို တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြခြင်း၊ အသိပညာပေးပစ္စည်းများ ဖြန့်ဝေခြင်းနှင့် တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ ကာကွယ်ခြင်း၏ အရေးပါမှုကို ရေးသားထားသော ဆိုင်းဘုတ်များအား လူအများဖတ်ရှုနိုင်ရန် ‌ရေးသားထားကြောင်း ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လှော်ကားဥယျာဉ်ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တိရစ္ဆာန်များထိန်းသိမ်းရာ အဓိက အရေးပါသည့် နေရာနောက်တစ်ခုဖြစ်ကြောင်း သိရသည်။ လှော်ကားဥယျာဉ်တွင် မျောက်များ၊ ဆတ်များ၊ ဒရယ်များ၊ ချေများ အပါအဝင် တိရစ္ဆာန်အကောင်ရေ ၃,၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း လှော်ကားဥယျာဉ်၏ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။
ဥယျာဉ်အတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော အပင်မျိုးစိတ် ၁၀၀ ကျော်နှင့် ဆေးဖက်ဝင်အပင် အမျိုးပေါင်း ၃၀ ကျော် ပေါက်ရောက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
လှော်ကားဥယျာဉ်သည် တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောဂေဟစနစ်များကို မူလအတိုင်း ထိန်းသိမ်းထားရှိပြီး လာရောက်လည်ပတ်သူများအား ရေကန်များ၊ ရွက်ပြတ်တော၊ ရွှံ့နွံတော၊ ရွက်ကြွေတော တို့ရှိပြီး မျှတသော ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များအတွက် သင့်လျော်သော စားကျက်မြေများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဥယျာဉ်မှာ ကျောင်းသားများနှင့် သုတေသီများအတွက် တိရစ္ဆာန်များနှင့် အပင်များဆိုင်ရာ ပညာရပ်ဆိုင်ရာ လေ့လာမှုများ ပြုလုပ်နိုင်သည့် အရေးကြီးသော သင်ကြားရေးနေရာတစ်ခုလည်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တောရိုင်းတိရိစ္ဆာန်များ မျိုးသုဉ်းခြင်းမှ ကာကွယ်ရန်နှင့် ပြည်သူများအား ပညာပေးရေး ပံ့ပိုးပေးရန်အတွက် အဆိုပါ ပန်းခြံတွင် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းခြင်းနှင့် ပြန်လည်နေရာချထားခြင်း အစီအစဉ်များကို ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆိုသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည်မှာ ဘုံတာဝန်ယူမှုပင်ဖြစ်ပြီး တိရစ္ဆာန်များအနေဖြင့် စွန့်ပစ်ပစ္စည်းများကို စားမိပါက အန္တရာယ်ရှိနိုင်သောကြောင့် လာရောက်လည်ပတ်သူများအနေဖြင့် ကျောက်တုံးများ၊ တုတ်ချောင်းများ၊ ပလတ်စတစ်အိတ်များ၊ ရေသန့်ဘူးများ မပစ်ချရန် သတိပေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တိရစ္ဆာန်များ၊ အပင်များနှင့် သစ်တောများသည် ဇီဝမျိုးစုံမျိုးကွဲများမှတစ်ဆင့် နီးနီးစပ်စပ် ဆက်စပ်နေသောကြောင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းခြင်းက အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ငှက်များက မျိုးစေ့များကိုက်ချီပစ်ချခြင်းဖြင့် မျိုးစေ့များ ပြန့်ပွားစေရန် ကူညီပေးပြီး ထိုမှတစ်ဆင့် သစ်ပင်များ ရှင်သန်ကြီးထွားလာကာ သစ်တောများ ပိုမိုထူထပ်လာစေကြောင်း သိရသည်။ တိရစ္ဆာန်များသည် စားနပ်ရိက္ခာနှင့် အမိုးအကာအတွက် သစ်တောများကို မှီခိုနေရပြီး စိမ်းလန်းသော သစ်တောများက သန့်ရှင်းသောလေ၊ ရေနှင့် လူသားများအတွက် မျှတသောရာသီဥတုကို ပေးစွမ်းကြောင်း သိရသည်။ သဘာဝတရားက စိုပြည်ကောင်းမွန်လာသည်နှင့်အမျှ လူသားများနှင့် တိရစ္ဆာန်များအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းလွင်ဦးက ၎င်းတို့ဌာနအနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“အရင်တုန်းက ဒေသခံတချို့က တောရိုင်းတိရစ္ဆာန်တွေကို အစာအတွက် အမဲလိုက်ခဲ့ကြပေမဲ့ ထိန်းသိမ်းရေး အစီအစဉ်တွေအရ အခု အများစုက တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကပြောသည်။
“ကျောက်မျက်ရတနာတွေက အဖိုးတန်သလို တောရိုင်းတိရစ္ဆာန်တွေနဲ့ သစ်တောတွေဟာလည်း အမျိုးသား ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျောက်မျက်ရတနာတွေနဲ့ တန်းတူ အဖိုးတန်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
Key words #သဘာဝပတ်ဝန်းကျင် #ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ #သစ်တောဦးစီးဌာန

English Version
Feature: Protecting Nature, Preserving Life: Marking World Wildlife Day
YANGON, March 3 (Xinhua) — World Wildlife Day is observed annually on March 3 to raise awareness of the importance of protecting wild animals, plants, and the ecosystems on which they depend.
Myanmar is one of the world’s biodiversity-rich countries. With its mountains, forests, rivers, wetlands, long coastline, and coral reefs, the country is home to an extraordinary range of wildlife and plant species, according to the Forest Department under the Ministry of Natural Resources and Environmental Conservation.
According to the department, Myanmar hosts more than 11,800 plant species, about 365 mammal species, over 1,100 bird species, around 120 amphibian species, 290 reptile species, 1,100 freshwater and marine fish species, about 130 coral species, 11 species of seagrass, and 38 types of seaweed.
Myanmar is also home to globally endangered species such as tigers, elephants, and whales and many others, highlighting the country’s global importance in biodiversity conservation, it said.
“This rich biodiversity, including rare and endangered animals as well as valuable medicinal and aromatic plants, is a precious natural heritage that must be protected,” said Khin Nyein San, staff officer from the Nature and Wildlife Conservation Division under the Forest Department.
Wildlife conservation is not only about saving animals from extinction, she said.
Medicinal and aromatic plants play a vital role in ecosystems by providing food and shelter for wildlife, while also serving as essential sources of medicine, fragrance, and traditional remedies for humans, she said, adding that they also contribute to livelihoods and the economy.
Young people are encouraged to love and value nature and to actively participate in conservation efforts. By protecting wildlife and plants today, we can preserve a greener, healthier, and more beautiful planet for future generations, Khin Nyein San said.
Yangon Zoo plays an important role in wildlife and plant conservation. The zoo preserves more than 200 plant species and houses over 1,400 animals. Each year, it organizes World Wildlife Day activities to raise public awareness, an official from the zoo said.
Zoo staff explain conservation issues to visitors, distribute educational materials, and install signboards highlighting the importance of protecting wildlife and plants, she said.
Hlawga Park in Yangon, established in 1989, is another key conservation site. According to Than Tun Oo, Deputy General Manager of the park, Hlawga is home to more than 3,000 animals, including monkeys, sambar deer, hog deer, and barking deer.
The park also contains more than 100 species of naturally grown trees and over 30 species of medicinal plants, he said.
Hlawga Park preserves wildlife and forest ecosystems together, offering visitors the experience of a natural forest environment with water pools, deciduous and swamp forest areas, balanced weather conditions, and suitable habitats for animals, he said.
It also serves as an important learning site, where students and researchers conduct academic studies on animals and plants, he added.
The park carries out conservation and reintroduction programs for wild animals to prevent extinction and support public education, he said.
Conservation is a shared responsibility, and visitors are reminded not to throw stones, sticks, plastic bags, or water bottles at animals or into the park, as animals may be harmed if they chew on waste, he added.
Wildlife preservation is important because animals, plants, and forests are closely connected through biodiversity, he said.
Bird droppings help spread seeds, allowing trees to grow and forests to become denser. Animals depend on forests for food and shelter, while healthy forests provide clean air, water, and a balanced climate for humans. When nature is healthy, humans and animals can live healthy lives, he added.
San Lwin Oo, staff officer from the Forest Department, said the department conducts educational talks and training programs on wildlife conservation in collaboration with NGOs and international organizations.
“In the past, some locals hunted wild animals for food, but through conservation programs, many now actively protect wildlife,” he said.
“While gems are valuable, wild animals and forests are equally precious as part of national biodiversity,” he added. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.