Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၂ကြိမ်ဖြစ်ပွား ၊ သေဆုံးသူ ၁၁ ဦးရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၆/၆)မိုင်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က DYNA ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ မတ်၆ ရက်တွင်ပြောသည်။“ဖေဖော်ဝါရီ လအတွင်း အမြန်လမ်း ယာဉ်မတော်တဆမှု မှာ သေဆုံးသူ အမျိုးသား ၆ ဦးနဲ့ အမျိူးသမီး ၅ ဦးသေဆုံးခဲ့ပါတယ်။ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ အမြန်လမ်းမကြီးစတင် အသုံးပြုကတည်းက အိမ်စီးယာဉ်အသေးဆိုရင် တစ်နာရီ ကီလိုမီတာ ၁၀၀၊ ခရီးသည်တင်ယာဉ် တွေဆိုရင် တစ်နာရီမှာ ကီလိုမီတာ ၉၀ သတ်မှတ်ထားပါတယ်။လုပ်ငန်းသုံး လိုက်ထရပ်တို့ ဟိုက်ဂျက်တို့ဆိုရင် တစ်နာရီမှာ ကီလိုမီတာ ၆၀ နှုန်းပဲ အမြန်လမ်းမကြီးပေါ်မှာ မောင်းနှင်ဖို့ထုတ်ပြန်ထားပါတယ်။ အရှိန်လွန်မှုတွေကြောင့် ယာဉ်မတော်တဆမှုအဖြစ်များတာတွေ့ရပါတယ်’’ ဟုရန်ကုန်-မန္တလေးအမြန်လမ်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီ လတွင် အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုများကြောင့် လူ ရှစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်တွင် အရှိန်နှုန်း တိုင်းတာစစ်ဆေးပြီး အရေးယူသောစနစ်နှင့် ထိန်းသိမ်းကြပ်မတ်လျက်ရှိကြောင်း၊ ထို့အပြင် ယာဉ်အမျိုးအစားအလိုက် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ရန်၊ လမ်းအကွေ့အခြေအနေပေါ်မူတည်ပြီး အကွေ့အရှိန် မည်မျှဖြင့် ကွေ့သင့်ကြောင်း အချက်ပြလမ်းညွှန်သင်္ကေတများကို စိုက်ထူပေးထားကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်းက အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ၁၂ မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၄.၁၅ သန်းရှိကြောင်း သိရသည်။

“ယာဉ်မောင်းတွေကလည်း ကီလိုမီတာတိုင်းတာစက်မရှိတဲ့ နေရာတွေမှာ အရှိန်လွန်မောင်းတာတွေ ကို မလုပ်ဘဲ ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ပါတယ်။ အဓိကကတော့ အခင်းဖြစ်တဲ့နေရာကို ရောက်ရင် ဒဏ်ရာရတဲ့ပြည်သူတွေကို ကြက်ခြေနီအသင်းနဲ့ညှိနှိုင်းပြီး ရှေးဦးပြုစုပေးပါတယ်။ သွေးမလွန်အောင်ဆောင်ရွက်ပြီး သက်ဆိုင်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးပို့ဆောင်နိုင်အောင် ဆောင်ရွက်ပါတယ်။ အဲလိုမဖြစ်အောင်ကတော့ ပြည်သူတွေ၊ ယာဉ်မောင်းတွေ ကပူးပေါင်းပါဝင်မှ မတော်တဆမှုတွလျော့နည်းမှာဖြစ်ပါတယ်။’’ ဟု ရန်ကုန်-မန္တလေးအမြန်လမ်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။၂၀၂၂ ခုနှစ်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၇ ဦးသေဆုံးခဲ့ကာ အခြားလူ ၂၈၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
#ရန်ကုန်_မန္တလေးအမြန်လမ်း #ယာဉ်မတော်တဆမှု
Yangon_MandalayHighway #Accident

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.