Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အရှေ့ပိုင်းရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းကျော်ဖမ်းဆီးရမိ

သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများကို တွေ့ရစဉ် (ဓာတ်ပုံ-CCADAC Myanamr)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၁၀.၁၇ သန်း သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ မတ် ၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မတ် ၄ ရက်က ၁၂ ဘီး ထရပ်ကားတစ်စီးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရှာဖွေခဲ့ရာ ကြက်သွန်နီ၊ ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော အဝါရောင်ပီနံအိတ်များဖြင့်ထည့်ထားသည့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကျပ်ငွေ ၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၉ သန်းကျော်) ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများကို မိုင်းပျဉ်းမြို့နယ်မှ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ဘက်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရပြီးအဆိုပါ အမှုနှင့် ပတ်သက်၍ သံသယရှိသူ နှစ်ဦးအား ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)