Connect with us

Myanmar

မြန်မာနိုင်ငံ၌ ၈ လတာအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပြစ်မှုများကြောင့် ဖမ်းဆီးရမိသူပေါင်း ၅,၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာတာဝန်ရှိသူများက ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ မူးယစ်ဆေးဝါးပြစ်မှုများကြောင့် သံသယရှိသူပေါင်း ၅,၂၈၆ ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နိုင်ငံပိုင်နေ့စဉ်သတင်းစာ ကြေးမုံတွင် ဖော်ပြထားသည်။

ယင်းသံသယရှိသူများအား အဆိုပါကာလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃,၈၃၂ မှုအတွင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများသည် တန်ဖိုးငွေကျပ် ၇၅၀ ဘီလီယံကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
…………………………
(English Version)
Over 5,000 arrested for drug-related crimes in 8 months in Myanmar
YANGON, Oct. 2 (Xinhua) — Myanmar authorities have arrested a total of 5,286 suspects for drug offenses between Jan. 1 and Aug. 31 this year, the state-run media The Mirror reported on Wednesday.
The suspects were apprehended in 3,832 cases during this period, the report said.
The narcotics and related items seized in the cases were valued at approximately 750 billion kyats (about 357 million U.S. dollars), it said.
The Southeast Asian country is collaborating with international organizations to effectively combat drug trafficking, the report added. Enditem
Photo – Seized drugs are burnt in Yangon, Myanmar, June 26, 2023. (Photo by Myo Kyaw Soe/ Xinhua)