Connect with us

Culture & Entertainment

မြန်မာနိုင်ငံက အင်းဝရှေးဟောင်းမြို့ကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက အင်းဝရှေးဟောင်းမြို့ကို ယူနက်စကို (UNESCO) ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။
မြန်မာနိုင်ငံရှိ အခြားရှေးဟောင်းမြို့များနှင့်အတူ အင်းဝမြို့ကို ၁၉၉၆ ခုနှစ်ကစ၍ အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ပျူရှေးဟောင်းမြို့များနှင့် ပုဂံရှိ ရှေးဟောင်းသုတေသနနေရာကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ခဲ့ပြီးနောက် အင်းဝမြို့ဟောင်းကိုလည်း ဆက်လက် အလေးထားဆောင်ရွက်ခြင်းဖြစ်‌ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ဆင်ဟွာကို ပြောကြားခဲ့သည်။
လက်ရှိတွင် ယူနက်စကိုစာရင်းတင်သွင်းနိုင်ရေးအတွက် အချက်လက်စုဆောင်းခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ရှေးဟောင်းနေရာများကို ထိန်းသိမ်း‌စောင့်ရှောက်ခြင်းနှင့် အခြေအနေစောင့်ကြည့်ခြင်း ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။
ထို့ပြင် အင်းဝမြို့ဟောင်း ရေရှည်တည်တံ့ တိုးတက်ရေးအတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အဆိုပါ‌ ကော်မတီအနေဖြင့် အမွေအနှစ်နေရာများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် အသိပညာရပ်ဆိုင်ရာ အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော အင်းဝမြို့ဟောင်းသည် ၁၄ ရာစုမှ ၁၉ ရာစုအတွင်း မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော်လည်းဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံနှင့် စေတီပုထိုး ၉၆၀ ကျော် တည်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar working to put ancient city Inwa on UNESCO world heritage list
YANGON, July 4 (Xinhua) — Myanmar is working to try to get its ancient city of Inwa listed on the World Heritage List of the United Nations Educational, Scientific and Cultural Organization (UNESCO), according to the Department of Archaeology and National Museum (Mandalay branch) on Thursday.
Inwa, along with other ancient cities in Myanmar, has been on the tentative list since 1996. After the Pyu Ancient Cities and archaeological site Bagan were inscribed on the UNESCO list, the focus was shifted to Inwa, Than Htike, a director at the department told Xinhua.
Currently, efforts are being made to collect data, conserve sites, and monitor conditions for readiness, he said.
In addition, a heritage conservation committee has been established to ensure the sustainable development of Inwa. This committee aims to protect the heritage sites and provide educational opportunities for both local and international visitors, he added.
Inwa, also known as Ava and located in the Mandalay Region, was an ancient capital of Myanmar from the 14th to the 19th century, and is home to over 960 ancient buildings and pagodas.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.