Culture & Entertainment
မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ စတင်ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၌ နေပြည်တော်ရှိ သတ်မှတ်နေရာများတွင် ကျင်းပခဲ့ကြောင်း အောက်တိုဘာ ၈ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက တည်တံ့ဖြစ်ထွန်းခဲ့သည့် ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ယနေ့ထက်တိုင် ရေရှည်တည်တံ့ခိုင်မြဲပြီး ရှေးမူ ရှေးဟန်မပျက် ဖော်ထုတ်ပြသနိုင်ခဲ့သည်မှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကမ္ဘာ့အလယ်တွင် ပြသနေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
မျက်မှောက်ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပိုင်ဆိုင်ခွင့်ရရှိနေသည်မှာ မြန်မာ့သမိုင်းစဉ်တလျှောက် ဖြတ်သန်းလာခဲ့ကြသည့် မိမိတို့၏ မြန်မာ့ဘိုးစဉ်ဘောင်ဆက်များက ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်းခဲ့သည့် ကျေးဇူးများကြောင့်ပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရှေးအစဉ်အလာကောင်းများကို အတုယူပြီး မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်းမသွားအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်မှာ မိမိတို့ အမွေခံ မျိုးဆက်သစ်များ၏ အမျိုးသားရေးတာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့သည်။
ပြိုင်ပွဲဝင် စုစုပေါင်း ၁,၆၆၁ ဦးသည် ဗဟိုအဆင့် ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ယှဉ်ပြိုင်နေသူများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဓာတ်ပုံ- MOI)

မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ယှဉ်ပြိုင်နေသူများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဓာတ်ပုံ- MOI)ne-2510916/
…………………
(English Version )
26th Traditional Myanmar Cultural Performing Arts Competition kicks off in Nay Pyi Taw
YANGON, Oct. 8 (Xinhua) — The 26th Traditional Myanmar Cultural Performing Arts Competition kicked off in Nay Pyi Taw on Tuesday, the state-owned daily The Global New Light of Myanmar reported on Wednesday.
Speaking at the event, Senior General Min Aung Hlaing, acting president of Myanmar, said that Myanmar has been able to preserve and showcase its cultural and artistic traditions, which have flourished since ancient times. This reflects the nation’s dignity and stature on the world stage.
He said Myanmar still possesses its traditional cultural heritage today due to the efforts of ancestors, who discovered, preserved, promoted, and handed down these traditions throughout Myanmar’s history.
He emphasized that it is the national duty of the younger generations to continue preserving and promoting Myanmar’s unique cultural roots and values, following the good traditions of the past and ensuring they do not fade away.
A total of 1,661 contestants are participating in various events at the national level of the traditional cultural performing arts competition, the report said. ■