Connect with us

Myanmar

မြန်မာနိုင်ငံအရှေ့ပိုင်း၌ ဘိန်းစိုက်ဧက ၁၁၅ ဧကကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဖျက်ဆီးရှင်းလင်း

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ ဘိန်းခင်းများကို မဖျက်ဆီးခင်နှင့် ဖျက်ဆီးပြီးနောက် မှတ်တမ်းဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ ဘိန်းခင်း ၁၁၅ ဧကကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာက သတင်းဖော်ပြထားသည်။

ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် ဘိန်းခင်းများကို ဖျက်ဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
အဆိုပါဒေသရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Myanmar police destroy 115 acres of poppy in eastern state
YANGON, Dec. 11 (Xinhua) — Myanmar’s police have destroyed 115 acres of opium poppy fields in Loilem township, Shan state, the state-owned daily Myanma Alinn reported on Thursday.
Police and local authorities destroyed the poppy fields on Tuesday and Wednesday, the report said.
Police are continuing operations to eradicate the poppy fields in the area, it added.
Myanmar is accelerating its eradication efforts in cooperation with international organizations and other countries, the report said. Enditem