Connect with us

Myanmar

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဘိန်းဖြူ ၁၁ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံအလယ်ပိုင်းတွင် ဘိန်းဖြူ ၁၁ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေခဲ့ရာ သံသယရှိသူ နှစ်ဦးနှင့်အတူ ဘိန်းဖြူ ၂.၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
စစ်ဆေးဖော်ထုတ်မှုအရ အဆိုပါမြို့နယ်၌ပင် နောက်ထပ်သံသယရှိသူတစ်ဦး၏ နေအိမ်၌ ဘိန်းဖြူ ၈.၂ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကို ဆက်လက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဒေသကာလတန်ဖိုး ကျပ် ၅၇၅ သန်း တန်ဖိုးရှိကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။
ယင်းအမှုနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူ ၃ ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
11 kg of heroin, 200,000 stimulant tablets seized in central Myanmar
YANGON, Jan. 2 (Xinhua) — Myanmar authorities have seized 11 kg of heroin and 200,000 stimulant tablets in central Myanmar, the state-run daily Myanma Alinn reported on Thursday.
Acting on a tip-off, anti-narcotics police searched a vehicle in Chanayethazan township of Mandalay region on Dec. 27, 2024 and confiscated 2.8 kg of heroin along with two suspects, the report said.
According to the investigation, 8.2 kg of heroin and 200,000 stimulant tablets were found at another suspect’s home in the same township, it added.
The seized narcotics are worth 575 million kyats (about 0.27 million U.S. dollars), it said.
The three suspects were charged under the country’s law, and further investigations were underway, it added.