Environment, Disasters & Accidents
မြန်မာနိုင်ငံ နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

နေပြည်တော်/ကူမင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ငလျင်ဒဏ်သင့် နေပြည်တော်ကောင်စီနယ်မြေတွင် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က မတ် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် သက်ကြီးရွယ်အိုတစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ နေပြည်တော်ရှိ ဆေးရုံတစ်ရုံ၏ အပျက်အစီးများအောက်တွင် နာရီ ၄၀ နီးပါးကြာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသဆီသို့ မတ် ၂၉ ရက်က ရောက်ရှိလာသော တရုတ်ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း အရေးပေါ်ကယ်ဆယ်မှု လုပ်ဆောင်ပြီးနောက် ပထမဆုံးတစ်ဦးကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော ကယ်ဆယ်ရေးအဖွဲ့မှာ မြန်မာနိုင်ငံသို့ မတ် ၂၉ ရက်က ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ အသက်ရှင်သူများအား ဘက်စုံရှာဖွေနိုင်စွမ်းရှိသည့် ကိရိယာများ၊ ငလျင်အန္တရာယ် ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင်ဂြိုဟ်တုများ၊ ဒရုန်းများနှင့် အခြား ကယ်ဆယ်ရေးကိရိယာများကိုပါ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါကယ်ဆယ်ရေးအဖွဲ့သားများမှာ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီးနောက် ငလျင်ဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
၎င်းကယ်ဆယ်ရေးအဖွဲ့သည် မတ် ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် နေပြည်တော်သို့ ရောက်ရှိပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်မှုများကို ချက်ချင်းစတင်ခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပထမထပ် လုံးလုံးလျားလျား ပြိုကျသွားပြီး အကြီးအကျယ် ပျက်စီးကာ လူအများအပြား ပိတ်မိနေသော သုံးထပ်ဆေးရုံတစ်ရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးသမားများက အသက်ရှင်သူများအား ရှာဖွေနိုင်စွမ်းရှိသည့် ကိရိယာများကို အသုံးပြုလျက် အသက်ရှင်သည့် လက္ခဏာရှိသူများကို အပျက်အစီးများအောက်တွင် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေတွင် ကယ်ဆယ်ရေးဆောင်ရွက်မှုများကို ရိုက်ကူးထားသော ဗီဒီယိုမှ screenshot ဖမ်းယူထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Wang Hao/Yunnan Media Group/Handout via Xinhua)

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေတွင် ကယ်ဆယ်ရေးဆောင်ရွက်မှုများကို ရိုက်ကူးထားသော ဗီဒီယိုမှ screenshot ဖမ်းယူထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Wang Hao/Yunnan Media Group/Handout via Xinhua)
………………..
(English Version)
Chinese rescuers recover survivor in Myanmar’s Nay Pyi Taw
NAY PYI TAW/KUNMING, March 30 (Xinhua) — A rescue team of China’s Yunnan Province, joined by Myanmar’s rescue forces, retrieved an elderly man in earthquake-hit Myanmar capital Nay Pyi Taw at 05:00 local time on Sunday.
The man had been trapped for nearly 40 hours under the rubble of a hospital in the city. After an overnight emergency rescue, it was the first person rescued by the Chinese team after arriving in the earthquake-stricken area of Myanmar on Saturday.
The 37-member team from China’s Yunnan Province arrived in Myanmar on Saturday, carrying full-function life detectors, earthquake early warning systems, portable satellite phones, drones and other rescue equipment.
Team members, after landing in Yangon, headed to the hard-hit city of Nay Pyi Taw.
At 18:30 local time on Saturday, the rescue team arrived in Nay Pyi Taw, immediately starting their work. According to the team, the three-story hospital where it has been working on the rescue, was severely damaged, as the first floor completely collapsed, burying numerous people.
The rescuers have been using life detectors to find survivors with vital signs under the rubble. ■
English Caption
This video screenshot taken on March 30, 2025 shows rescue operations underway in Nay Pyi Taw, Myanmar. (Wang Hao/Yunnan Media Group/Handout via Xinhua)