Environment, Disasters & Accidents
မြန်မာနိုင်ငံ အရှေ့ပိုင်း ပင်းတယမြို့နယ်တွင် ရေကြီးမှုကြောင့် လူလေးဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးလျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် လူလေးဦး သေဆုံးကာ လေးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပင်းတယမြို့နယ်၊ ကုန်းစောင်းကျေးရွာတွင် ဇူလိုင် ၂၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများအရှိန်ဖြင့် ဆင်းလာပြီး လူနေအိမ်ငါးလုံး ရေထဲမျောပါသွားကြောင်းနှင့် လူရှစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပျောက်ဆုံးသွားသူများအနက် လူလေးဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၂၈ ရက်၌ ပြန်လည်တွေ့ရှိပြီး ကျန်ပျောက်ဆုံးနေသူလေးဦးအား ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကာ ရေကြီးမှုမှာမူ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Four dead, four missing in eastern Myanmar flooding
YANGON, July 28 (Xinhua) — Four people have died and four remain missing after flooding struck eastern Myanmar’s Shan state, a local police officer told Xinhua on Monday.
Heavy rain on Sunday night caused floodwater from the mountain to hit Konesaung village in Pindaya township, washing away five houses and leaving eight people missing, he said.
Four bodies were recovered on Monday, while search operations continue for the remaining four missing persons and water levels remain high, he added.