Education & Health
မြန်မာနိုင်ငံ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းပြင်ပ ပညာရေးတွင် ကျောင်းသား၊ ကျောင်းသူ ၇,၆၀၀ ကျော်တက်ရောက်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ကျောင်းပြင် ပညာရေးကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇,၆၄၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဩဂုတ် ၁၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကျောင်းပြင်ပ မူလတန်းအဆင့်ပညာရေးတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၆,၂၅၀ ဦးနှင့် ကျောင်းပြင်ပ အလယ်တန်းအဆင့်ပညာရေး၌ ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၃၉၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကျောင်းပြင်ပ ပညာရေးကို တက်ရောက်သင်ကြားသူများသည် ယမန်နှစ်ထက် သိသာစွာ တိုးတက် များပြားလာကြောင်း သိရသည်။
ကျောင်းပြင်ပ မူလတန်းအဆင့် ပညာရေးအစီအစဉ်ကို ကျောင်းသင်ရိုးညွှန်းတမ်းကို အဆင့်နှစ်ဆင့်ခွဲထားပြီး ကျောင်းပြင်ပ အလယ်တန်းအဆင့်ပညာရေးအစီအစဉ်တွင် ကျောင်းသင်ရိုးညွှန်းတမ်း အဆင့်သုံးဆင့်ပါရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ကျောင်းပြင်ပ မူလတန်းအဆင့်ပညာရေးအတွက် အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း မူလတန်းပညာ မပြီးဆုံးသေးသောကလေးများ၊ ကျောင်းပြင်ပ အလယ်တန်းအဆင့်ပညာရေးအတွက် အခြေခံပညာ အလယ်တန်း မပြီးဆုံးသေးသည့် အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Over 7,600 students attend non-formal education programs in Myanmar for 2025-26 academic year
YANGON, Aug. 16 (Xinhua) — A total of 7,644 students were currently studying in non-formal education programs by Myanmar’s Department of Non-Formal and Lifelong Education under the Ministry of Education for the 2025-26 academic year, the state-owned Myanmar Radio and Television reported on Saturday.
Of the total, 6,250 students were attending non-formal primary school programs, while 1,394 were enrolled in non-formal middle school programs, the report said.
The enrollment marked a significant increase compared with last year.
The non-formal primary school curriculum is divided into two levels, while the middle school program consists of three levels, the report said.
Children aged 10 to 14 who are out of school or have not completed primary education are eligible for non-formal primary school classes, while youth aged 13 to 18 who have not completed middle school may join the middle school classes, it said. ■