Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် အင်အား ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှား

ငလျင်ဗဟိုချက်ပြမြေပုံနှင့် ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးတွင် ဩဂုတ် ၂၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၉း၂၈ နာရီတွင် အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာ ကိုဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းငလျင်သည် မြောက်လတ္တီတွဒ် ၁၆.၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၂ ဒီဂရီ၊ အနက် ၂၈ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယနေ့ (ဩဂုတ် ၂၁ ရက်) နံနက်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ငလျင်ကို ရန်ကုန်တိုင်းဒေသကြီး၌ နေထိုင်သူများ အနေဖြင့် သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။ အဆိုပါငလျင်လှုပ်ရှားမှုမှာ အချိန် တစ်မိနစ်အောက် ကြာမြင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
5.1-magnitude quake hits Yangon, Myanmar
YANGON, Aug. 21 (Xinhua) — A 5.1-magnitude earthquake struck Yangon, Myanmar at about 9:28 a.m. local time on Thursday, the country’s Department of Meteorology and Hydrology (DMH) reported.

According to the DMH, the epicenter was located about 28 miles southeast of Kungyangon town in Yangon region.

The epicenter, with a depth of 28 km, was initially determined at 16.08 degrees north latitude and 96.22 degrees east longitude, the DMH said.

No casualties or property damage have been reported so far.

Residents in Yangon reported noticeable tremors on Thursday morning. The shaking lasted for less than one minute. ■