Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်အား ၅.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်ဗဟိုချက်ပြမြေပုံနှင့် ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဩဂုတ် ၂၂ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁:၂၆ နာရီတွင် အင်အားရစ်(ခ်)တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါငလျင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာကိုဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းငလျင်သည် မြောက်လတ္တီတွဒ် ၂၃.၀၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၉၅ ဒီဂရီ၊ အနက် ၂၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
5.2-magnitude quake hits Sagaing, Myanmar
YANGON, Aug. 22 (Xinhua) — A 5.2-magnitude earthquake struck Sagaing region, Myanmar, at about 11:26 a.m. local time on Friday, the country’s Department of Meteorology and Hydrology (DMH) reported.
According to the DMH, the epicenter was located about 19.3 km southwest of Kalay town in Sagaing region.
The epicenter, with a depth of 22 km, was initially determined to be at 23.05 degrees north latitude and 93.95 degrees east longitude, the DMH said. ■