Culture & Entertainment
ပန်းပုပညာရှင် အနည်းငယ်ကြောင့် မြန်မာ့ရိုးရာပန်းပုပညာရပ်များ ဆက်လက်ရှင်သန်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ရိုးရာအမွေအနှစ် ပန်းပုပညာလုပ်ငန်းသည် ကုန်ကြမ်းရှားပါးခြင်း၊ ပြပွဲနည်းပါးခြင်းနှင့် လူငယ်များကြား စိတ်ဝင်စားမှု လျော့နည်းလာခြင်းတို့ကြောင့် နိုင်ငံ၏ အဖိုးတန် အမွေအနှစ်တစ်ခုဖြစ်သော မြန်မာ့ရိုးရာ လက်ထွင်းပန်းပုလုပ်ငန်းမှာ ရှင်သန်ရန် ရုန်းကန်နေရကြောင်း မြန်မာနိုင်ငံ ရိုးရာပန်းပုပညာရှင်များအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌ ဦးသစ်လွင်စိုးက ပြောသည်။
ပန်းချီပညာရပ်နှင့် ယှဉ်ပါက ပန်းပုပညာရပ်သည် လူငယ်များအကြား စိတ်ဝင်စားမှု နည်းပါးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပန်းချီပြပွဲသာများပြီး၊ ပန်းပုပြပွဲမှာမူ နည်းပါးကြောင်း၊ ပန်းပုလုပ်ငန်းမှာ လူငယ်များနှင့် ထိတွေ့မှုအားနည်းခြင်းကလည်း အချက်တစ်ချက် အဖြစ်ပါဝင်ကြောင်း ၎င်းကဆိုသည်။
လက်နှင့်ထွင်းထုရသော ပန်းပုပညာရပ်များ တိမ်ကောမှုမရှိစေရန် ကျောင်းများတည်ထောင်ထားကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပန်းပုပညာရှင်များ မွေးထုတ်ပေးလျက်ရှိကြောင်း ဦးသစ်လွင်စိုးက ဖြည့်စွက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပန်းပုရွာဟု လူသိများသော ဒါးပိန်ကျေးရွာတွင် ပန်းပုလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြကြောင်း၊ ထို့အတူ ပဲခူးတိုင်းဒေသကြီးတွင်လည်း ပန်းပုလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာရှိကြောင်း KMA Group of Companies လက်အောက်ရှိ အနုပညာနှင့် လက်မှုပညာဌာန အထွေထွေမန်နေဂျာ ဦးကြည်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဒါးပန်ကျေးရွာတွင် ယခင်က ပန်းပုပညာရှင်ဦးရေ ၂၀၀ ကျော်ရှိရာက ယခု ၁၀၀ ခန့် အထိ နည်းပါးသွားကြောင်း ဦးကြည်ဝင်းကဆိုသည်။
ဒါးပိန်ကျေးရွာတွင် ပန်းပုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကိုပြည့်စုံအောင်က “ကျွန်တော်အသက် ၁၅ နှစ်လောက်ကစပြီး ပန်းပုလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်။ ပန်းပုပညာကို အဖေနဲ့ ဦးလေးတွေဆီက အမွေရခဲ့တာပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ပန်းပုလုပ်ငန်းကို ဝါသနာပါတဲ့အတွက် ကျောင်းထွက်ပြီးပန်းပုပညာသင်ခဲ့တာပါ” ဟုပြောသည်။
“ကျွန်တော်တို့ဆီက ရွာသားအများစုကတော့ ပန်းပုပညာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ကြပါတယ်။ ပန်းပုထုတဲ့အခါ သစ်သား၊ ကျောက်၊ ရွှံ့၊ အင်္ဂတေနဲ့ တခြားသော သတ္တုတွေနဲ့ ပြုလုပ်ကြပြီး သစ်သားကတော့ အသုံးအများဆုံးဖြစ်ပါတယ်” ဟု ကိုပြည့်စုံအောင်က ဆိုသည်။
“လူငယ်တော်တော်များများက အရင်က ပန်းပုပညာကို သင်ယူသူများကြပေမဲ့ အခုတော့ သင်ယူတဲ့အရေအတွက်က နည်းနည်းတော့လျော့သွားတယ်။ ဘာကြောင့်လဲဆိုတော့ တချို့က သင်ယူချင်ကြပေမဲ့ နောက်ပိုင်းမှာ စားဝတ်နေရေးအရ မိသားစုကို ထောက်ပံ့ဖို့၊ နိုင်ငံခြားသွား၊ ဒါမှမဟုတ် စက်ရုံအလုပ်၊ အဲဒါတွေ သွားလုပ်ကြတာတွေရှိတယ်။ ပန်းပုလုပ်ငန်းကျတော့ သင်ပြီဆိုကတည်းက သစ်သားကို အလကားအဖြတ်ခံရတယ်။ သူတို့ကိုအချိန်ပေးပြီး စနစ်တကျသင်ပေးရတယ်။ ဆရာလည်း အလုပ်ပျက်တယ်။ဆရာလည်းပိုက်ဆံကုန်တယ်။ သူတို့ကို ပိုက်ဆံမပေးနိုင်ဘူး။ တစ်ခုတော့ ရှိတာပေါ့လေ တစ်လကိုတစ်ခါ မုန့်ဖိုးလေးပေးတာတော့ရှိတာပေါ။ အဲဒီတော့ ဝါသနာပါပေမဲ့ မသင်ကြတော့ဘူး” ဟု ၎င်းကဆိုသည်။
“ရိုးရာပန်းပုပညာ ပပျောက်မှုမရှိစေဖို့အတွက် ကျောင်းပိတ်ရက်တွေမှာဆိုရင် ဒါးပိန်ကျေးရွာမှာရှိတဲ့ စိတ်ဝင်စားတဲ့လူငယ်တွေကို စနစ်တကျ အခြေခံပညာတွေကိုသင်ကြားပေးနေပါတယ်” ဟု ၎င်းကပြောသည်။
အလားတူ ဝါရင့်ပန်းပုပညာရှင်တစ်ဦးဖြစ်သည့် ကိုကျော်စွာကလည်း “အဖေကလည်း ပန်းပုဆရာဆိုတော့ ၁၉၉၇ ခုနှစ်လောက်မှာ ပန်းပုလောကကိုစပြီး ဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက မြန်မာနိုင်ငံက လုပ်တဲ့ ပန်းပုပြိုင်ပွဲတွေကနေ ဆုရှစ်ဆုရခဲ့တယ်” ဟု ပြောသည်။
“ကျွန်တော်တို့ကတော့ တရုတ်ပြည်ဈေးကွက်ကို ဦးစားပေးပြီးတည်တာပေါ့။ အဲဒီအချိန်တုန်းက အလုပ်သမားဦးရေက ၂၅ ယောက်၊ အယောက် ၃၀ လောက်ရှိတယ်။ အချိန်အားဖြင့်တော့ ၂၀၂၀ ပြည့်နှစ်လောက်အထိပေါ့။ နောက်ပိုင်းမှာ ကုန်သည်တွေကလည်း သူတို့ရဲ့ အခက်အခဲပြသနာတွေကြောင့် လုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်။ ရွှေလီက ကုန်သည်တွေက အရင်ကလုပ်ငန်းအတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေကိုကအစ ဝယ်ယူနိုင်ဖို့ သူတို့ဘက်က အထောက်အပံ့တွေပေးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
“ဒါပေမဲ့ ဈေးကွက်က အားနည်းလာတာလည်းပါတယ်။ သူတို့ဘက်ကလည်း အခက်အခဲ ပြသနာတွေကြောင့် လျှော့ချတဲ့အခါမှာ ကိုယ့်ဘက်ကလည်း လိုက်ပြီးလျှော့ချရတယ်။ အခုဆိုရင် အလုပ်သမား ၅ ယောက်၊ ၆ ယောက်လောက်နဲ့ပဲ လုပ်ငန်းကိုလုပ်ကိုင်နေပါတယ်” ဟု ၎င်းကပြောသည်။
“နောက်ပိုင်းမှာ လူအများစုက အရည်အသွေးမြင့်တဲ့ လက်မှုပစ္စည်းတွေကို ပိုပြီးဝယ်ယူလာကြတယ်။ အဲဒီအချိန်က ပန်းပုပညာကို အပျော်သဘောနဲ့လုပ်သူတွေကတော့ စံချိန်စံညွှန်းတွေပြည့်မီဖို့ ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာတော့ အလုပ်ကို ရပ်နားခဲ့ကြတယ်။ အောင်မြင်မှုမရခင်မှာ စိတ်အားထက်သန်တဲ့ နှလုံးသားနဲ့ ပန်းပုကို ထုလုပ်ရမှာပါ။ အချိန်နဲ့ စိတ်ရှည်သည်းခံမှုကို မြှုပ်နှံပြီးလုပ်ရမှာပါ”ဟု ၎င်းက ဆိုသည်။
မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာအမွေဆက်ဆံခြင်းက ဂုဏ်ယူစရာကောင်းသော ကြီးမားသည့် တာဝန်ဝတ္တရားဖြစ်ကြောင်း သိရသည်။ ဦးကျော်စွာ၏ လမ်းညွှန်မှုအောက်တွင် အလုပ်လုပ်နေသော အသက် ၂၈ နှစ်အရွယ်ရှိ ကိုဟိန်းမင်းအောင်က အိန္ဒိယဂဠုန်မင်းရုပ်ထုကို ထုလုပ်လျက်ရှိသည်။
“ကျွန်တော် ပန်းပုလုပ်လာတာ လေးနှစ်ရှိပါပြီ။ အလုပ်ကို အာရုံစိုက်ပြီး ပန်းပုမှာပဲ စိတ်နှစ်ပြီးလုပ်ဖြစ်ပါတယ်။ ဖေဖေက ကျွန်တော့်ကို အမြဲတမ်း ပံ့ပိုးပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“ပန်းပုဆရာလုပ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဒီပန်းပုပညာက အရမ်းနက်ရှိုင်းတယ်။ တော်ရုံတန်ရုံဇွဲနဲ့လည်း မရဘူး။ ဒီပန်းပုပညာကို အရမ်းတန်ဖိုးထားပါတယ်။ ဒီလုပ်ငန်းကို ဆက်ပြီးတော့ လုပ်ဖြစ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ပန်းပုလုပ်ငန်းမှာ ယခင်ကထက် လျော့နည်းလာသော်လည်း မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ “မြန်မာနိုင်ငံမှာ လက်မှုပစ္စည်း ၀ယ်လိုအားက အကန့်အသတ်ရှိနေပေမဲ့ နိုင်ငံတိုးတက်လာတဲ့အခါ လူတွေက လက်မှုပညာကို ပိုတန်ဖိုးထားလာတာနဲ့အမျှ ပန်းပုဆရာတွေကတည်း ပိုမိုတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်” ဟု ဦးကြည်ဝင်းက ပြောသည်။
“လက်နဲ့ထုလုပ်ရတဲ့ ပန်းပုပညာက လက်၊ စိတ်၊ နှလုံးသားဖြင့် ဖန်တီးထားရတဲ့အတွက် တခြား ဇိမ်ခံပစ္စည်းများထက် ပိုပြီးတန်ဖိုးရှိပါတယ်။ ပန်းပုရုပ်တုထုလုပ်မှုက နည်းပေမဲ့ ပန်းပုရဲ့ တန်ဖိုးက မြင့်မားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
…………………………
(English Version)
Fewer artisans keep Myanmar’s sculpture heritage alive
YANGON, Aug. 29 (Xinhua) — Myanmar’s tradition of hand-carved sculpture is struggling to survive, as shortages of raw materials, few exhibitions, and declining interest among young people put pressure on the nation’s rich artistic heritage, said U Thit Lwin Soe, chairman of the Myanmar Traditional Artists and Artisans Association.
Compared with painting, sculpture attracts fewer young people. Although there are many art exhibitions in Myanmar, few focus on sculpture, which further weakens young people’s connection to the craft, he said.
To help preserve the tradition, the National University of Arts and Culture offers sculpture programs, he added.
According to U Kyi Win, general manager of the arts and crafts department under the KMA Group of Companies, sculpture is mainly practiced in Darpein village in Yangon, well known as a sculpting village, as well as in Bago.
The number of artisans in Darpein has dropped from more than 200 in the past to about 100 today, he said.
Pyae Sone Aung, who works in Darpein, said, “I have been sculpting since I was 15, inheriting the craft from my father and grandfather. From a young age, I was passionate about it, so I left school to pursue this art.”
“Most of the villagers here earn their living through sculpting. We work with wood, stone, mud, plaster, and other materials, though wood is the most common,” he said.
“In the past, many young people were interested in learning sculpture, but numbers have decreased. Some still want to learn, but financial pressures force them to support their families, go abroad, or take factory jobs instead,” he said, adding that shortages of raw materials also make it harder to sustain a career in the craft.
“As part of our effort to preserve this tradition, we teach children in Darpein who are interested in sculpture during their school holidays,” he said.
Similarly, Kyaw Swar, a veteran sculptor, said, “I started sculpting in 1997, following my father’s footsteps. Over the years, I have won about eight prizes from sculpture competitions.”
“When I began, I employed around 25 to 30 people, mainly producing for the Chinese market until 2020. Merchants from Ruili supported us financially and helped purchase raw materials,” he said.
“But as the market weakened, that support decreased, and I had to reduce workers. Now, only five or six remain with me,” he added.
“Later, most people began ordering high-quality handicrafts. At that time, some amateur artists struggled to meet the standards and eventually quit,” he said, adding that, “We have to create sculpture with passion and heart, investing time and patience before success follows.”
For the younger generation, carrying on the legacy is both pride and burden. Hein Min Aung, 28, who works under Kyaw Swar’s guidance, described his dedication while carving a Garuda destined for India.
“I have been sculpting for four years. I give my full attention and heart to the work, and my father has always supported me,” he said.
“I feel proud to practice this art, it is deep. Without true perseverance, it is impossible to continue,” he added.
Despite the decline, many artisans remain hopeful. “In Myanmar, demand for handicrafts is limited, but as the country develops and more people begin to appreciate their value, sculptors will have a brighter future,” U Kyi Win said.
“Handicraft art is more precious than luxury items because it is created with hands, mind, and heart. Even though there are fewer works, they carry great value,” he said.
(1)A man works on a piece of wood sculpture in Yangon, Myanmar, Aug. 27, 2025. (Xinhua/Myo Kyaw Soe)
(2) A craftsman works on a Buddha statue at a workshop in Yangon, Myanmar, Aug. 27, 2025. (Xinhua/Myo Kyaw Soe)