Connect with us

Myanmar

မြန်မာနိုင်ငံ၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်ကျင်းပ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ဒုတိယနေ့ကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် လူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ ကို ဩဂုတ် ၃၀ ရက်က ရန်ကုန်မြို့၌ စတင်ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာ၌ ဩဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ဖိုရမ်သို့ သမ္မတရုံးဝန်ကြီးဌာန (၁) မှ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုကြရသည့် လူ့စွမ်းအား အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ဦးတင်အောင်စန်းက ပြောကြားခဲ့သည်။ လူငယ်မျိုးဆက်များသည် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးပိုင်းနှင့် ကိုယ်စွမ်းကိုယ်စအပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်နေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ကြောင့် လူငယ်များ၏ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေး အပိုင်းများကို ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်တွင် တစ်စိုက်မတ်မတ်တည်ရှိနေအောင် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဝန်ကြီးက ဒစ်ဂျစ်တယ်ခေတ်ကြီးထဲတွင် လူငယ်များ၏ အခန်းကဏ္ဍကိုမီးမောင်းထိုးပြောကြားခဲ့ပြီး “လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖိုရမ်ကို စက်တင်ဘာလ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Myanmar holds youth strategy forum
YANGON, Aug. 31 (Xinhua) — Youth Strategy Forum 2025 began in Yangon on Saturday, the state-owned daily The Global New Light of Myanmar reported on Sunday.
Union Minister for Ministry 1 of the President’s Office U Tin Aung San was among those attending the forum.
U Tin Aung San said that youths are a reliable human resource for society. Young generations should be sharp in their thinking, experience, abilities and talents. Therefore, the government is paving the way for providing opportunities for youths.
The minister also highlighted the role of youths in digital era, emphasizing the stance of the government, “Investing in the youth is the best investment for the future of the country.”
The forum will run through Sept. 1. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.