Culture & Entertainment
မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်သို့ ၈ လအတွင်း ဘုရားဖူးဧည့်သည် ၄.၆၅ သန်းကျော်ဝင်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် Golden Pagoda ဟု လူသိများသော ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွင်း ဘုရားဖူး ဧည့်သည်ပေါင်း ၄.၆၅ သန်းဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃ ရက်၌ ပြောကြားသည်။
အဆိုပါ ဝင်ရောက်ခဲ့သည့် ဘုရားဖူးဧည့်သည်များအနက် နိုင်ငံခြားသားဧည့်သည်ဦးရေ ၅၀,၀၀၀ ကျော်ပါဝင်ပြီး၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံး လာရောက်ခဲ့ကြကြောင်း ၎င်းကဆိုသည်။
ရွှေတိဂုံစေတီတော်မြတ်အား နေ့စဉ် နံနက် ၄ နာရီ မှ ည ၁၀ နာရီ အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)
……………………
English Version
Myanmar’s famed Shwedagon Pagoda attracts over 4.65 mln visitors in 8 months
YANGON, Sept. 13 (Xinhua) — The Shwedagon Pagoda, also known as the Golden Pagoda in Myanmar, attracted over 4.65 million visitors in the first eight months of this year, U Boe Thin, a member of the Shwedagon Pagoda Board of Trustees, told Xinhua on Saturday.
Among them, over 50,000 were foreign visitors, with the most coming from China, Thailand and Vietnam, he said.
The Shwedagon Pagoda is open daily from 4 a.m. to 10 p.m. local time. ■