Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးတွင် ဆီဘောက်ဆာယာဉ်တစ်စီး လက်ဖက်ရည်ဆိုင်ဝင်တိုက်၍ လူ ၂ ဦး သေဆုံး

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လက်ဖက်ရည်ဆိုင် ဝင်တိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ဆီဘောက်ဆာယာဉ်တစ်စီး ဝင်တိုက်မိခဲ့ပြီး လူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပြောသည်။
အဆိုပါ ယာဉ်မတော်တဆမှုမှာ အမရပူရမြို့နယ်၌ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီ ၄၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဒဏ်ရာရသူများကို နယ်မြေခံ ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း အဆိုပါ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
………………………….

(English Version)
Oil tanker truck crashes into tea shop in Myanmar, killing 2
YANGON, Sept. 1 (Xinhua) — An oil tanker truck crashed into a tea shop, killing two people and injuring six, in central Myanmar’s Mandalay region, an official from the Amarapura Township Fire Services Department told Xinhua on Monday.
The accident occurred at around 6:44 a.m. local time on Monday in the township, he said.
The collision caused a fire that completely burned down the tea shop, he said, adding that the injured were sent to a local hospital for treatment. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.