Connect with us

Myanmar

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဘိန်းဖြူ ၁၂၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးတွင် ဘိန်းဖြူ ၁၂၀.၁၂ ကီလိုဂရမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း စက်တင်ဘာ ၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၅ ရက်၌ သတင်းအရ မော်တော်ကား ၂ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေးရှာဖွေရာ အဆိုပါ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Over 120 kg of heroin seized in central Myanmar
YANGON, Sept. 4 (Xinhua) — Myanmar’s authorities have seized 120.12 kg of heroin in central Myanmar’s Mandalay region, the state-owned daily The Mirror reported on Thursday.
Acting on a tip-off, anti-narcotics police intercepted two cars and a motorcycle in Myittha township of Mandalay region on Aug. 25 and confiscated the drug, the report said.
Suspects in connection with the case were arrested and charged under the law. ■