Environment, Disasters & Accidents
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁,၇၃၅ ဦး သေဆုံးခဲ့ကာ ၄,၆၇၆ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၃,၃၄၈ မှု ဖြစ်ပွားခဲ့ပြီး၊ လူပေါင်း ၁,၇၃၅ ဦး သေဆုံးခဲ့ကာ လူပေါင်း ၄,၆၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
RTAD ၏ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုပေါင်း ၃,၈၇၅ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂,၀၁၁ ဦး သေဆုံးခဲ့ကာ၊ လူပေါင်း ၅,၅၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ၂၀၂၄ ခုနှစ်ထက် ယာဉ်မတော်တဆမှု၊ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတို့ ကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၈၇ ဦးရှိပြီး မန္တလေးတိုင်းဒေသကြီးတွင် လူ ၂၄၇ ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် လူ ၂၁၆ ဦး အသီးသီး သေဆုံးခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ (Xinhua)
…………………..
(English Version)
1,735 killed, 4,676 injured in road accidents across Myanmar in 2025
YANGON, Jan. 20 (Xinhua) — A total of 1,735 people were killed and 4,676 others injured in 3,348 road accidents across Myanmar in 2025, according to the Road Transport Administration Department (RTAD) on Tuesday.
The figures declined from 2024, when 2,011 people were killed and 5,576 others injured in 3,875 road accidents, the RTAD’s data showed.
In 2025, Yangon region recorded the highest number of road accident fatalities at 387 deaths, followed by Mandalay region with 247 deaths and Bago region with 216 deaths, the data showed. Enditem
