Myanmar
မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အများအပြားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည်ဟူသော သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်၌ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ မိုင်းဆတ်မြို့နယ် ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ထိုသို့ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအနက် Promethazine အမှတ်တံဆိပ် ချောင်းဆိုးပျောက်ဆေးရည်ဘူးများ၊ အစားအသောက် ဆိုးဆေးပစ္စည်းများ၊ စိစစ်ဆဲ ဆေးရည်များပါဝင်သော ရာနှင့်ချီသည့် ပုလင်းငယ်များ၊ စိစစ်ဆဲ အဖြူရောင်အမှုန့်များပါဝင်သော အိတ်များ၊ ဘိန်း၊ ဘိန်းဖြူဘလောက်တုံးတစ်တုံး၊ အဖြူရောင်ပုံဆောင်ခဲများနှင့် WY စိတ်ကြွဆေးပြား အများအပြား ပါဝင်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ထို့ပြင် WY ထုတ်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးမှုန့်၊ ကီလိုချိန်စက်များ၊ မီးစက်တစ်လုံး၊ မွှေစက်များ၊ အခြောက်ခံဗန်းများနှင့် အခြား ဆက်စပ်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။
ယင်းကဲ့သို့ သိမ်းဆည်းရမိသည့် ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များက အသေးစိတ် လေ့လာစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ပစ္စည်းများကို သက်ဆိုင်ရာဌာနများထံသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးမည်ဖြစ်ကာ စနစ်တကျ စိစစ်အတည်ပြုမှုများ လုပ်ဆောင်ပြီးနောက် မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
ဆက်လက်၍ ပါဝင်ပတ်သက်နေသူများကို စိစစ်ဖော်ထုတ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက်ရာတွင် ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)
……………….
(English Version)
Large quantity of drugs and narcotics-related production materials seized in eastern Myanmar
YANGON, Feb. 26 (Xinhua) — Myanmar’s security forces seized a large quantity of drugs and narcotics-related production materials in Shan state, the state-owned daily Myanma Alinn reported on Thursday.
Acting on intelligence reports of suspected drug production, a joint team of security personnel conducted a clearance operation on Feb. 24 and confiscated drugs and narcotics-related production materials near Wanlone village in Mong Hsat township, the report said.
Seized items included Promethazine-branded cough syrup, food coloring materials, hundreds of small bottles containing unidentified liquid, sacks of unidentified white powder, opium, a heroin block, white crystalline substances, and a large quantity of WY stimulant tablets, it said.
In addition, suspected WY production powder, weighing scales, a generator, mixers, drying trays, and other related equipment were also recovered, it added.
Officials said experts will conduct detailed examinations of the seized substances. The items will be handed over to relevant departments in accordance with procedures and destroyed following established regulations, the report said.
Investigations are ongoing to identify those involved and take effective legal action, it said.
Myanmar continues to cooperate with international and regional partners, including the United Nations and neighboring countries, in combating drug production and trafficking. Enditem
