Connect with us

Myanmar

မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဒုတိယသမ္မတလောင်းများ အမည်စာရင်းအဆိုပြု

မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ ကျင်းပမှုအား ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများ အမည်စာရင်း အဆိုပြုရန်အတွက် အစည်းအဝေးအသီးသီးကို ယနေ့ (မတ် ၃၀ ရက်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးကျော်ဆွေတို့ကို ဒုတိယသမ္မတလောင်းများအဖြစ် အမည်စာရင်းအဆိုပြုခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာ မနန်တူးဂျာတို့ကို အမည်စာရင်း အဆိုပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်မှု လုပ်ထုံးလုပ်နည်းများအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရွေးကောက်ခံ ကိုယ်စားလှယ်အစုအဖွဲ့များက ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ်မည်ကြောင်း သိရသည်။

အဆိုပါ လွှတ်တော် နှစ်ရပ်လုံးရှိ တပ်မတော်သား ကိုယ်စားလှယ်များအစုအဖွဲ့ကလည်း နောက်ထပ် ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် ရွေးချယ်ခံရသည့် ဒုတိယသမ္မတ သုံးဦးထဲမှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ (Xinhua)


—————-
(English Version)
Myanmar’s parliament houses nominate candidates for vice presidency
NAY PYI TAW, March 30 (Xinhua) — Myanmar’s Pyithu Hluttaw (Lower House) and Amyotha Hluttaw (Upper House) on Monday held separate sessions to nominate the country’s vice-presidential candidates.
During the sessions, Pyithu Hluttaw nominated Min Aung Hlaing and Kyaw Swe as candidates. Meanwhile, Amyotha Hluttaw nominated Nan Ni Ni Aye and Manam Tu Ja.
According to the election procedures, the groups of elected representatives from Pyithu Hluttaw and Amyotha Hluttaw will each elect one vice president. The group of military representatives from both houses of the Union Parliament will elect another vice president.
The presidential electoral college, composed of all representatives of the Union Parliament, will elect the president from among the three elected vice presidents. ■