Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် ဘိန်းဖြူဘလောက်တုံးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၇ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၊ တောင်ကြီးမြို့မှ သာစည်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူဘလောက်တုံးများကို ညောင်ရွှေမြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.