Connect with us

Myanmar

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူ ၂၇.၇၂ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများကို သိမ်းဆည်းရမိသော ဘိန်းဖြူများနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် ဘိန်းဖြူ ၂၇.၇၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့က ဧပြီ ၁၄ ရက်၌ ၂၂ ဘီးယာဉ်တစ်စီးကို ရှာဖွေခဲ့ရာ ဆပ်ပြာပုံးအတွင်း ထည့်ထားသည့် ဘိန်းဖြူများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းအမှုမှ သံသယရှိသူ ၂ ဦးကို တရားစွဲဆိုထားကြောင်း သိရသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှ ကျပ်သန်းပေါင်း ၆၉၀ ကျော်တန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံသယရှိသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်တရားစွဲဆိုထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)