Connect with us

Environment, Disasters & Accidents

မတ်လတွင် အမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၁ ဦးနှင့် ဦးထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၈၀/၆တွင် စားအုန်းဆီသယ်ဆောင်လာသောယာဉ်တစ်စီး ၂၀၂၃ခုနှစ်၊ မတ် ၃၀ ရက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးနေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ၂၀၂၃ခုနှစ် မတ်လ၌ ယာဉ်မတော်တဆမှုပေါင်း ၁၅ မှုဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ အခြားသူ ၆၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းတံတားအဆင်းတွင် ၂၀၂၃ ခုနှစ် ၊ မတ် ၂၃ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၁/၃)နှင့် (၁၀၁/၄)ကြား၊ ဂင်ဒိတ်ကုန်းကျေးရွာအနီးတွင် ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်က ၀၇ ၀၃ ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ယခုနှစ် ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှုပေါင်း ၁၂ မှုဖြစ်ပွားခဲ့ပြီး လူ၁၁ ဦးသေဆုံးခဲ့ကာ အခြားသူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် မတ်လတွင် အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၂.၂၈ သန်းရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်ခြင်းနှင့် အရှိန်လွန်မောင်းနှင်ခြင်းကြောင့် ဖြစ်ကြောင်း ဒုရဲမှူးမျိုးလင်းသန့်က ဆိုသည်။

၂၀၂၂ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၅၇ ဦးသေဆုံးခဲ့ကာ အခြားသူ ၂၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.