Connect with us

Environment, Disasters & Accidents

မြန်မာတစ်နိုင်ငံလုံး၌ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့်လူ ၁၆ ဦးသေဆုံး

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက် က ရန်ကုန်မြို့ရှိ သင်္ကြန်အကြတ်နေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံး၌ နှစ်သစ်ကူးကလာဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၆ ရက် သင်္ကြန်ရက်များအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၄ မှု ဖြစ်ပွားခဲ့ပြီး၊ လူ၁၆ ဦးသေဆုံးခဲ့ကာ အခြားသူ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးမြင့်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၁ ရက်တွင်ပြောသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက် က ရန်ကုန်မြို့ရှိ သင်္ကြန်အကြတ်နေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၄ ရက် က ရန်ကုန်မြို့ရှိ သင်္ကြန်အကျနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက် က ရန်ကုန်မြို့ရှိ သင်္ကြန်အကြတ်နေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ယင်းကာလအတွင်း ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများမှာ မူးယစ်သောက်စား၍ မောင်းနှင်ခြင်း၊ အရှိန်လွန် မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့်ယာဉ်မတော်တဆမှုများအနက် ဧပြီ ၁၆ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် မူဆယ်မြို့ ရှိ သဲတင်ယာဉ် ၂၂ ဘီးတွဲကားနဲ့ အိမ်စီးကားတစ်စီး တိုက်ခဲ့မှုဖြစ်စဉ်တွင် အိမ်စီးကားပေါ်ပါ အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့မှုသည် ၂၀၂၃ ခုနှစ် ယင်းကာလအတွင်း လူသေဆုံးမှုအများဆုံးယာဉ်တိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၇ မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးခဲ့ကာ၊ အခြားသူ ၆၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.